What is Marketing?

What is marketing management ?

Unicode


Part-1
မြန်မာလိုဆိုရင်တော့စျေးကွက်ကိုစီမံခန့်ခွဲခြင်းကဘာလဲ?

Marketing ဘာသာရပ်သည် စျေးရောင်းရမည့် စျေးကွက်တွင် ဖြစ်ပေါ်နေမှုအားလုံး ( စျေးကွက်လိုအပ်ချက် ၊ စျေးကွက်ကိုထိုးဖောက်၍ဝယ်သူကိုဆွဲဆောင်ခြင်း ၊ စျေးကွက်အတွင်းနာမည်တစ်ခုရအောင်ပြုလုပ်ခြင်း ၊ စျေးကွက်တွင်းရှိဝယ်သူစိတ်ကျေနပ်ရအောင်ပြုလုပ်ခြင်း အစရှိသည်ဖြင့် …..) ကို နည်းဗျူဟာကျကျ စီမံခန့်ခွဲပြီး လိုချင်သောပန်းတိုင်သို့ အရောက်သွားခြင်းပင်ဖြစ်ပါသည်။

စျေးကွက်လေ့လာခြင်းဖြစ်သည့် marketing ဘာသာရပ်ဟာဖြင့် လေ့လာလို့မဆုံးအောင် ကျယ်ပြန့်လှပါသည်။
ထိုဘာသာရပ်ရှိ အယူအဆအချို့မှာ လေ့လာသင်ယူစရာမလိုဘဲကို လက်တွေ့ ဝယ်ယူဖောက်ကားနေသောစျေးထဲတွင်ကျင့်သုံးနေကြသည်ကိုထောက်ပြလိုပါသည်။

ကနဦးအနေနှင့် marketing ဘာသာရပ်အခြေခံအုတ်မြစ်ဖြစ်သော 4 p နဲ့စကြည့်ကြပါစို့

  1. Promotion
  2. Product
    3.Price
    4.Place

အရပ်ထဲမှာကော 4 p ကိုတကယ်အသုံးချနေရဲ့လား ?

အမှတ်စဉ် ~၁
မိမိပြုလုပ်ထားသော မုန့် အသစ်အဆန်းများအား စျေးကွက်တွင်းဖြန့်ဝေရောင်းချခြင်းအစမ်းသုံး/ အမြည်းပေးခြင်းကို စီးပွားရေးပညာရပ်ရှိ marketing ဘာသာရပ်တွင် promotion ခေါ်ပါသည်။

ထို promotion ဟူသောအရေးကြီးသည့်စကားလုံးအဓိပ္ပါယ်ကိုပင်သေချာမသိဘဲစျေးထဲတွွင် မုန့်အသစ်အဆန်းတခု လုပ်ကြည့်ပြီးစမ်းသပ်ကျွေးမွေးရာမှ အောင်မြင်သွားသော မုန့်အသစ်အဆန်းတွေရှိနေဆဲပါ။

အမှတ်စဉ်~၂
မိမိတင်သွင်းမည့် ပစ္စည်း၏ အရည်အသွေးပေါ်အာမခံချက်သည် စီးပွားရေး ဘာသာရပ်ရှိ marketing ဘာသာရပ်တွင် product ဟုခေါ်ပါသည်၏

ထိုproduct ဟူသောစကားလုံးကို အသေချာလေ့လာဖူးဖို့ရာခိုင်နှုန်းနဲသော မီးပွိုင့်ကူးခွေရောင်းသူ ၏ ” မိမိထံဝယ်ယူသွားသော ကူးခွေမှာ အိမ်မှာစိတ်ကြိုက်ကြည့်ပါ မကြည်ဖူးဟုယူဆပါက ဒီလှည်းတန်းမီးပွိုင့်မှာ ကျနော့ကိုပြန်လာရှာပါ ခင်ဗျ” ဟူသော အော်သံက လက်တွေ့ရရှိသောအသိပညာဖြင့်စာတွေ့ မည်သို့မည်ပုံဆက်စပ်နေမည်ကိုမြင်နေရပါသည်။

အမှတ်စဉ်~ ၃
Marketing ဘာသာရပ်တွင် အရေးကြီးသော price ဟူသော p တွင်ပါဝင်နေသော ငွေကြေးသတ်မှတ်ချက် / ပေးချေမှုနဲ့ဆက်စပ်သော ” လမ်းထိပ်ကအန်တီကြီးဆိုင်မှာအင်္ကျီထမီးဝမ်းဆက်တွေကို လပေးနဲ့ပေးမှာနော် ” ဟူသော ရပ်ကွက်ထဲက ဆိုင်ရှင်အန်တီကြီး၏ စျေးကွက်နားလည်မှုကိုအောချရပါလိမ့်မည်။

အမှတ်စဉ်~၄
Marketing ရဲ့ 4 p ရဲ့နောက်ဆုံး place ကိုရော အသုံးချနေပီလို့ယူဆပါလား ?
မြန်မာပြည်ရှိလမ်းအခြေအနေကိုအမှန်ပင် နားလည် သိရှိနေသော Myanmar marketer တွေကဘသူလို့ထင်ပါသလဲ ?
မီးပွိုင့်တွင် ရောင်းနေသောရေသန့်ရောင်းသူ ဂျာနယ်ရောင်သူများလို့ဆိုလျှင် ငြင်းနိုင်မယ်မထင်ပါဖူး။

ဒီစာစုလေးကိုဖတ်ရှုပြီး
4pအခြေခံကို ခေါင်းထဲဝင်ဖို့ခက်တဲ့သူတွေ
လက်တွေ့ကျကျလုပ်နေတဲ့သူတွေ ဘသူတွေများရှိလဲတွေးနေသူတွေအတွက် ဆက်စပ်တွေးခေါ်နိုင်မှုတိုးတက်လာမည်ဟုယုံကြည်မိပါတယ်။

Zawgyi 

What is marketing management ?
Part-1
မြန်မာလိုဆိုရင်တော့ဈေးကွက်ကိုစီမံခန့်ခွဲခြင်းကဘာလဲ?

Marketing ဘာသာရပ်သည် ဈေးရောင်းရမည့် ဈေးကွက်တွင် ဖြစ်ပေါ်နေမှုအားလုံး ( ဈေးကွက်လိုအပ်ချက် ၊ ဈေးကွက်ကိုထိုးဖောက်၍ဝယ်သူကိုဆွဲဆောင်ခြင်း ၊ ဈေးကွက်အတွင်းနာမည်တစ်ခုရအောင်ပြုလုပ်ခြင်း ၊ ဈေးကွက်တွင်းရှိဝယ်သူစိတ်ကျေနပ်ရအောင်ပြုလုပ်ခြင်း အစရှိသည်ဖြင့် …..) ကို နည်းဗျူဟာကျကျ စီမံခန့်ခွဲပြီး လိုချင်သောပန်းတိုင်သို့ အရောက်သွားခြင်းပင်ဖြစ်ပါသည်။

ဈေးကွက်လေ့လာခြင်းဖြစ်သည့် marketing ဘာသာရပ်ဟာဖြင့် လေ့လာလို့မဆုံးအောင် ကျယ်ပြန့်လှပါသည်။
ထိုဘာသာရပ်ရှိ အယူအဆအချို့မှာ လေ့လာသင်ယူစရာမလိုဘဲကို လက်တွေ့ ဝယ်ယူဖောက်ကားနေသောဈေးထဲတွင်ကျင့်သုံးနေကြသည်ကိုထောက်ပြလိုပါသည်။

1. Promotion
2. Product
3.Price
4.Place


အမှတ်စဉ် ~၁
မိမိပြုလုပ်ထားသော မုန့် အသစ်အဆန်းများအား ဈေးကွက်တွင်းဖြန့်ဝေရောင်းချခြင်းအစမ်းသုံး/ အမြည်းပေးခြင်းကို စီးပွားရေးပညာရပ်ရှိ marketing ဘာသာရပ်တွင် promotion ခေါ်ပါသည်။

ထို promotion ဟူသောအရေးကြီးသည့်စကားလုံးအဓိပ္ပါယ်ကိုပင်သေချာမသိဘဲဈေးထဲတွင် မုန့်အသစ်အဆန်းတခု လုပ်ကြည့်ပြီးစမ်းသပ်ကျွေးမွေးရာမှ အောင်မြင်သွားသော မုန့်အသစ်အဆန်းတွေရှိနေဆဲပါ။

အမှတ်စဉ်~၂


အမှတ်စဉ်~ ၃
Marketing ဘာသာရပ်တွင် အရေးကြီးသော price ဟူသော p တွင်ပါဝင်နေသော ငွေကြေးသတ်မှတ်ချက် / ပေးချေမှုနဲ့ဆက်စပ်သော ” လမ်းထိပ်ကအန်တီကြီးဆိုင်မှာအင်္ကျီထမီးဝမ်းဆက်တွေကို လပေးနဲ့ပေးမှာနော် ” ဟူသော ရပ်ကွက်ထဲက ဆိုင်ရှင်အန်တီကြီး၏ ဈေးကွက်နားလည်မှုကိုအောချရပါလိမ့်မည်။

အမှတ်စဉ်~၎


 

Tags: No tags

One Response